ကိုယ်ပိုင် website တစ်ခုကို နိုင်ငံတကာအဆင့်မီ တစ်ရက်အတွင်း လွှင့်တင်လိုပါသလား?

အအောင်မြင်ဆုံး ပြည်ပ၀က်ဘ်ဒီဇိုင်နာများ၏ ဒီဇိုင်း ၁၀၀၀ ကျော်၊ ကိုယ်တိုင်အွန်လိုင်းမှ ပြင်ဆင်နိုင်ခြင်း၊ စာမျက်နှာကန့်သတ်ချက် မရှိခြင်း၊ ကမ္ဘာ့အကောင်းဆုံး email ၊ မြန်မာ့နံပါတ်တစ် hosting* ကျွမ်းကျင်ပညာရှင်များ၏ အထိရောက်ဆုံး ၀န်ဆောင်မှုတွေလည်း ရရှိမှာ ဖြစ်ပါတယ်။

ကဲ ဘာတွေ လုပ်လို့ရသလဲ ကြည့်ရအောင်နော်။

သင်ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်ပါ
တရားဝယ်ဝယ်ယူထားသော ပြည်ပမှ အအောင်မြင်ဆုံး ၀က်ဘ်ဒီဇိုင်းပေါင်း ၁၀၀၀ ကျော်တွင် သင် ကြိုက်နှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်နိုင်ပါသည်။ ဒီဇိုင်းတစ်ခုခြင်းစီသည် agency class ရှိပြီး ပြည်တွင်းဒီဇိုင်းအများစုထက် ပိုမိုသေသပ်လှပရုံသာမက ကုန်ကျစရိတ်လည်း သက်သာပါသည်။

ပါဝင်မည့် စာမျက်နှာများကို သင်ကိုယ်တိုင်ရေးသားပါ
သင့်ဝက်ဘ်ဆိုက်တွင် ပါဝင်လိုသော အချက်အလက်များကို ရေးသားရမည် ဖြစ်ပါသည်။ iHost တွင် အခြားဝန်ဆောင်မှုများနှင့် ကွာခြားသည်မှာ စာမျက်နှာအရေအတွက် ကန့်သတ်ချက်မရှိခြင်း ဖြစ်ပါသည်။ သင် လိုအပ်သလောက် စာမျက်နှာများကို ရေးသားပြီး လွှင့်တင်နိုင်ပါသည်။ လွှင့်တင်ပြီးလျှင်လည်း သင်ကိုယ်တိုင် အွန်လိုင်းမှ အချိန်မရွေး ၀င်ရောက်ပြင်ဆင်နိုင်ပါသည်။

ကြိုက်နှစ်သက်ရာ လိပ်စာကို ရွေးချယ်ပြီး လွှင့်တင်နိုင်ပါပြီ
Domain Name (၀က်ဘ်ဆိုက်လိပ်စာ) ကို ရွေးချယ်ပြီး စတင်လွှင့်တင်နိုင်မည် ဖြစ်ပါသည်။ အချက်အလက်နှင့် ဒီဇိုင်းရွေးချယ်ပြီးသည်နှင့် သင်၏ ၀က်ဘ်ဆိုက်ကို ၂၄ နာရီအတွင်း အင်တာနက်တွင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များ
Hosting Package:
iHost Premium Package
100Mb Space
20Mb ~= စာမျက်နှာတစ်ရာ
20Gb Bandwidth

free 7Gb+Google mail intergration
Gmail ကို သင့်ကိုယ်ပိုင်လိပ်စာ (domain) ဖြင့် သုံးနိုင်ပါမည်
ဥပမာ manawphyulay@domainname.com

free one hour training
ဝက်ဘ်ဆိုက်ကို သင်ကိုယ်တိုင်ပြင်ဆင်နိုင်ရန် သင်ကြားပေးပါမည်

Additional Software
photogallery, contact form, guestbook, blog

free Website Statistics
ဝက်ဘ်ဆိုက်ဖွင့်ကြည့်သူများ၏ အသေးစိတ်အချက်အလက်

Domain တင်မကပါဘူး Hosting ပါ နှစ်ခုပေါင်းကို တစ်နှစ်ကို $100 နဲ့ ကိုယ်ပိုင်ဒိုမိန်းနဲ့ လွတ်လပ်စွာ သုံးစွဲနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။

စိတ်ဝင်စားသောသူများ ဆက်သွယ်ချင်ရင်
မေးလ် chotharlay@gmail.com ကို contant လို့ရသလို www.ihost-mm.net ကို တိုက်ရိုက်လည်း လေ့လာဝယ်ယူနိုင်ပါတယ်။

Google Wave

Wave ဆိုတာ ဘာလဲမေးရင် လှိုင်းလုံးလို့ ဖြေကြမှာပါ။ အင်တာနက်ဝက်ဘ်ဆိုက်နယ်ပယ်မှာလည်း wave ဆိုတဲ့စာလုံးကို အတော်သုံးကြပါတယ်။ Google က Google wave ကို

ထုတ်လွှင့်မယ်ဆိုတော့ ဂူဂဲလ်လှိုင်းစီးရဦးမယ်ထင်ပါတယ်။ Google Wave သည် open source web browser တစ်ခုဖြစ်ပါတယ်။ ၎င်းတွင် ဆက်သွယ်မှုအားသာချက်ရှိပြီး အချိန်နဲ့တပြေးညီ

အလုပ်လုပ်ဆောင်နိုင်ပါတယ်။ ဆက်သွယ်ရေးစနစ် အမျိုးအစားများစွာနဲ့ အသုံးပြုနိုင်ပြီး လုပ်ငန်းတူချင်း၊ အဖွဲ့တူခြင်း ပူးတွဲပါဝင်လုပ်ကိုင်နိုင်တဲ့ tool တစ်ခုလည်း ဖြစ်ပါတယ်။ တကယ်သာ

အသုံးတည့်ခဲ့ရင် အင်တာနက်အွန်လိုင်းမှာ wave တွေ တစ်လုံးပြီး တစ်လုံး တစ်လိမ့်လိမ့်စီးမျောနေတော့မှာပါ။
Google Wave သည် ကိုယ်ရေးကိုယ်တာ ဆက်သွယ်မှုများနဲ့အတူ သင်နဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်များ ပူးပေါင်းပါဝင်နိုင်တဲ့ tool တစ်ခုဖြစ်ပြီး ၎င်းကို ၂၀၀၉ ခုနှစ် မေလ ၂၇ ရက်က Google I/O

conference မှ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ၎င်းသည် ၀က်ဘ်အခြေခံ လုပ်ငန်းစဉ်ဖြစ်ပြီး e-mail, instant messaging, wikis, social networking တို့ကို ပေါင်းစပ်ကာ

ဒီဇိုင်းထုတ်တည်ဆောက်ထားတဲ့ computing platform နဲ့ communications protocol လည်း ဖြစ်ပါတယ်။
ယခုအခါ Google Wave သည် အချောသတ် မထွက်ခင်ကတည်းက အများသိနေကြပြီဖြစ်ပါတယ်။ Google အနေနဲ့ အင်တာနက်သုံးသူများကို စုစည်းပေးပြီး အဖွဲ့အစည်းချင်းတူသူ၊ လုပ်ငနျးတူသူ

သို့မဟုတ် မိတ်ဆွေအပေါင်းအဖော်အချင်းချင်း လုပ်ငန်းကိစ္စရပ်များ၊ လူမှုရေးကိစ္စရပ်များ စသည်တို့ကို ဖလှယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အသစ်ပြုလုပ်ပေးလိုက်တဲ့ tool လို့ ဆိုနိုင်ပါတယ်။
Google Wave(www.google.com) မှ ရိုးရှင်းတဲ့ interface ဆက်သွယ်မှုနဲ့အတူ သင့်ကိုယ်ရေးကိုယ်တာ အဖြစ်အပျက်တွေ၊ အကြံပြုချက်တွေကအစ အစည်းအဝေးမှ အချက်အလက်များ၊

ပြောဆိုဆွေးနွေးမှုများကို သိုလှောင်ထားဖို့နဲ့ လုပ်ငန်းတူချင်း ဖလှယ်နိုင်ကြမှာပါ။ ဒီလို လုပ်ဆောင်ရာမှာ လုံခြုံမှုရှိစေပြီး အဖွဲ့အစည်းတူ အချင်းချင်းပြင်နိုင်အောင်လည်း ဆောင်ရွက်ထားပါတယ်။

အဲဒီပြင်ဆင်ပြောင်းလဲချက်ကိုလည်း အချင်းချင်းသိအောင်၊ မြင်နိုင်အောင် အချိန်နဲ့ တစ်ပြေးညီပြသပေးပါမယ်။
Google အနေနဲ့ ကတိပေးနိုင်တာက Google Wave သည် ရိုးရှင်းတဲ့ ဖိုင်ဖလှယ်မှု၊ ဓာတ်ပုံကဲ့သို့ အရာများကို wave ထဲသို့ drag-and-drop လုပ်ပြီး မြန်မြန်ထည့်လို့ရတယ်ဆိုတာပါ။ လက်ရှိအားဖြင့်

Google Wave ကို ကန့်သတ်ချက်များနဲ့ ထုတ်လွှင့်ထားပေမယ့် မကြာမီ အွန်လိုင်းသို့တင်မယ်လို့ သိရပါတယ်။
Google Wave မှာ ကောင်းမွန်ခိုင်မာတဲ့ စွမ်းရည်နဲ့အတူ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ နောက် spelling/grammar checking လို လုပ်ဆောင်ချက်ပါသလို နိုင်ငံရပ်ခြား

ဘာသာစကား ၄၀ မျှကို အလိုလျောက်ပြန်ဆိုပေးနိုင်ပါတယ်။ နောက်ဆက်တွဲ လုပ်ဆောင်ချက်တွေလည်း တစ်ခုပြီး တစ်ခု ထည့်ပေးမှာပါ။
Google Wave ကို ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ အသုံးပြုသူ တစ်သိန်းသို့ အကြိုထုတ်လုပ်ပြသခဲ့ပြီးဖြစ်ပါတယ်။ ၎င်းတို့ကို ဖိတ်ခေါ်ပါဝင်စေပြီး စမ်းသပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်

နိုဝင်ဘာလမှာ Google မှာ စမ်းသပ်အသုံးပြုသူများရဲ့ ဝေဖန်အကြံပြုချက်များကို လက်ခံခဲ့ပြီး နည်းပညာအပြောင်းအလဲများ လုပ်ဆောင်ကာ အကောင်းဆုံး အင်တာနက် သုံး tool တစ်ခုဖြစ်အောင်

လုပ်ဆောင်နေပါပြီ။

ဂူဂဲလ်လှိုင်းစီးကြရအောင်
Google Wave ဟူသော စကားလုံးက အင်တာနက်သုံးသူများအတွက် အတွေးမှားဖွယ်ဖြစ်ပါတယ်။ ဒါပေမယ့် Google Wave ရဲ့ ရည်ရွယ်ချက်နဲ့ အနှစ်သာရက ရိုးရှင်းပါတယ်။ သင့်ရဲ့ကိုယ်ရေးဖိုင်ကို

သိမ်းခွင့်ပြုတယ်။ အခြားသူများသို့ ဝေငှဖြန့်ချိနိုင်တယ်။ ဆွေးနွေးနိုင်တယ်။ စကားတွေပြောနိုင်တယ်။ ဒီအတွက် user တွေ အများကြီး သုံးနိုင်ဖို့ စီစဉ်ထားပါတယ်။ ၎င်းတို့ရဲ့ document တွေကို

media editor သုံးပြီး ပူးပေါင်းလုပ်ဆောင်ပေးပါတယ်။ ပုံတွေ၊ ဗီဒီယိုတွေအပါအဝင်ဖြစ်ပါတယ်။ မည်သည့်ဆက်သွယ်မှုမျိုးကိုမဆို wave ရဲ့ document အစိတ်အပိုင်းနဲ့ စကားပြောဆိုဆွေးနွေးဖို့

Google က ဖန်တီးတည်ဆောက်ထားပါတယ်။
Google Wave က လက်ရှိအားဖြင့် beta အဆင့်သာရှိပါသေးတယ်။ စမ်းသပ်သုံးဖို့ သီးခြါးဖိတ်ခေါ်သုံးသူများအတွက်သာ ဖြစ်ပါတယ်။ ဒါကြောင့် Internet Explorer နဲ့ အဆင်ပြေချင်မှ

ပြေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် wave.google.com သို့ ၀င်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။ အခု Google ကိုသုံးဖို့ အမြည်းလေးတွေ ရေးပေးလိုက်ပါတယ်။
(၁) လက်ရှိအားဖြင့် Google Wave ကို သုံးဖို့ ကန့်သတ်ချက်တွေ ရှိနေပါဦးမယ်။ ဒါကလည်း IE ကဲ့သို့ web browser တွေနဲ့ အပြည့်အဝ မသုံးနိုင်သေးလို့ပါ။ Google Wave ကို Safari, Firefox,

Google chrome တို့နဲ့ တွဲဖက်သုံးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ သင့်အနေနဲ့ IE နဲ့ပဲ သုံးချင်တယ်ဆိုရင် Google Chrome Frame plugin (code.google.com/chrome) ကို အရင်တင်ရပါတယ်။

၎င်းသည် IE ရဲ့ လုပ်ဆောင်ပုံကို အစားထိုးသွားမှာပါ။ အဲဒီ Browser မှာ အမှန်မပေါ်ခဲ့ရင်တော့ သီးခံရပါလိမ့်မယ်။
(၂) Google Wave ကို စဖွင့်တာနဲ့ ဘာမှ အဆက်အသွယ် မရှိသေးတဲ့အတွက် သင့်အတွက် box မှာ ရှင်းနေပါလိမ့်မယ်။ သင့်အနေနဲ့ ဖိတ်ခေါ်သူတစ်ဦးဦးထံ ဆက်သွယ်လိုက်ပါ။

တည်ဆောက်ထားပြီးတဲ့ wave စာရင်းပေါ်လာပါလိမ့်မယ်။ သင့်ထံကနေ အခြားသူများထံ ပို့လွှတ်ရမယ့်စာရင်းလည်း အလယ်ကွက်မှ ရှိနေပါမယ်။ Wave တစ်ခုချင်းကို ကလစ်လုပ်ပြီး

ညာဘက်အကွက်မှာ ကြိုတင် (preview) ကြည့်နိုင်ပါတယ်။ ဘယ်ဘက်အကွက်(pane) ထဲက menu မှာ Navigation bar ရှိပါတယ်။ ၎င်းသည် ပါဝင်အသုံးပြုကြတဲ့ waves အားလုံးရဲ့နေရာနဲ့

ထိန်းသိမ်းစီမံဖို့ရာ သင့်ကို ကူညီမှာပါ။ တစ်နည်းအားဖြင့် အဆက်အသွယ်ပြုဖို့ရာ နေရာလည်း ဖြစ်ပါတယ်။
(၃) လက်ရှိ beta-testing အဆင့်မှာ အသုံးပြုသူ အရေအတွက်ကို ကန့်သတ်ထားပါတယ်။ သင့်အနေနဲ့ စမ်းသပ်ချင်ရင် screen အောက်ခြေက plus(+) ခလုတ်ကို ကလစ်လုပ်ပြီး သင့်အမည်နဲ့

အီးမေလ်းလိပ်စာကို ရိုက်ထည့်ပါ။ Wave account တစ်ခုရရှိမှာဖြစ်ပြီး ၎င်းကို စာရင်းမှာ ပြပေးထားပါလိမ့်မယ်။ နောက် Manage Contacts ကို ကလစ်လုပ်ပြီး My Contacts list မှာ သင်

ဆက်သွယ်ပူးပေါင်းလိုတဲ့ ပုဂ္ဂိုလ်များကို ပေါင်းထည့်ပေးပါ။ သူတို့လည်း wave ဖိတ်ခေါ်စာရင်းမှာ သင့်ကို တွေ့ပါလိမ့်မယ်။ Wave တိုင်းမှာ text, images, video, audio စသည် ဖိုင်များ

ပါဝင်နိုင်ပါတယ်။ အခြေခံ format option များကိုလည်း ရနိုင်ပါတယ်။
(၄) Wave တစ်ခု တည်ဆောက်ရန် အလယ် Inbox ထဲက New Wave ခလုတ်ကို ကလစ်လုပ်ပါ။ Rich media editor က သင့် messages တွေ ရိုက်ထည့်နိုင်အောင် ဗီဒီယို၊ အသံဖိုင်၊ ပုံတွေနဲ့

gadgets အမျိုးမျိုး ထည့်နိုင်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ Editor ပေါ်က Actions bar ထဲမှာ ရှိတဲ့ icons အမျိုးမျိုးကို အသုံးပြုပြီး format တွေ ရနိုင်ပါတယ်။ ပုံ၊ ဗီဒီယို သို့မဟုတ်

အသံဖိုင်တစ်ခုခုကို ထည့်ဖို့ရာ ပူးတွဲပါ icon ကို ကလစ်လုပ်ပါ။ သင်္ကေတအားဖြင့် စာရွက်ညှပ်တဲ့ paper clip ပုံ icon ဖြစ်ပါတယ်။ ဖိုင်ကို သင့် wave ထဲသို့ drag-and drop နည်းနဲ့

ထည့်လိုက်ရုံသာ ဖြစ်ပါတယ်။ ဒါဆိုရင် သင်ရဲ့ wave ကို ဖလှယ်ဖို့၊ share လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ Done ခလုတ်ကို ကလစ်လုပ်လိုက်ပါ။
(၅) Wave သည် တစ်နေရာ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးထံသို့ ဖလှယ်ပေးပို့နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါတယ်။ ဒီတော့ လုပ်ငန်းစဉ်မှာ ပါဝင်မယ့်သူများ စာရင်းလိုအပ်ပါမယ်။ Add participants

(link) အထက်က အပေါင်းလက္ခဏာ(plus buttom) ခလုတ်ကို ကလစ်လုပ်ပါ။ ထို့နောက် သင့်နဲ့ message များကို ဖလှယ်အသုံးပြုမယ့် user များ သို့မဟုတ် အုပ်စုကို ရွေးချယ်ပါ။ သင်သည်

message ကို ရိုက်နေစဉ်မှာပဲ သင် ရွေးချယ်ထားသူတို့ရဲ့ inbox မှာ message ရှိကြောင်း ပြပါလိမ့်မယ်။ ပြီးတာနဲ့ သူတို့ ဖွင့်ကြည့်နိုင်ပါပြီ။
Wave တွင် wavelet သို့မဟုတ် blips ဆိုပြီး ထပ်မံခွဲထားနိုင်ပါတယ်။
(၆) သင့်အနေနဲ့ wave များကို လမ်းညွှန်ဖို့ရာ ဘယ်ဘက် menu ထဲက ALL ကို ကလစ်လုပ်ပါ။ သင့်ကိုယ်ပိုင် wave အတွက် By Me ကို ရွေးချယ်ပါ။ သို့မဟုတ် Navigation menu ရဲ့

အောက်ခြေက search function ကို အသုံးပြုပါ။ Wave တိုင်းရဲ့ ထိပ်ဖက်မှာ Play back ခလုတ်တစ်ခုရှိပါတယ်။
အချို့သော စိတ်ကြိုက်လုပ်ဆောင်ချက်များအတွက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ Beta version မှာ မပါသေးပါ။ ဒါပေမယ့် waves ထဲသို့ plug-in နဲ့ ထည့်လိုက်ရုံသာ ဖြစ်ပါတယ်။

သင့်ရဲ့ Web page ထဲမှာ ဘောင်တွေခတ်တာ လုပ်ကြည့်ကြရအောင်

Table တစ်ခုကို row တွေ၊ cell တွေကို ဘောင်ခတ်ပြီး ဘယ်လိုတည်ဆောက်ရမလဲဆိုတာ လုပ်ကြည့်ရအောင်ပါ။
ဒီအတွက်

tags border attribute ကို သုံးရပါမယ်။ Table တစ်ခု တည်ဆောက်တဲ့အခါ ဘေးဘောင်တွေရဲ့ အထူအပါး ပမာဏကို ဘယ်လောက်ထားမယ်ဆိုတဲ့ တန်ဖိုးကိုတော့ ထည့်ပေးရပါလိမ့်မယ်။ default value ကို သုည (0) ပဲ ထားမယ်ဆိုရင်တော့ ဘေးဘောင်တွေ ပါလာမှာ မဟုတ်ပါဘူး။
Border attribute ကို မသုံးဘဲနဲ့ table တစ်ခုတည်ဆောက်ပြီး ထည့်သွင်းမယ်ဆိုရင်တော့ CSS ကို သုံးရပါလိမ့်မယ်။ အောက်မှာ table တစ်ခုကို Border attribute အသုံးပြုပြီး ဘယ်လိုရေးလို့ရတယ်ဆိုတာ ပြောပြပါမယ်။
ကော်လံ ၃ ခုယူမယ်ဆိုရင်

Welcome to Manawphyulay

January February March
April May June
July August September
October November December

ဒါဆိုရင်တော့ ကိုယ်လိုချင်တဲ့ ဘောင်ခတ်ထားတဲ့ ကော်လံ သုံးခုပုံစံနဲ့ လအလိုက်ကို မြင်ရမှာ ဖြစ်ပါတယ်။ ဒီပြင် ဇယားကွက်ကလေးတွေကိုလည်း အလွယ်တကူ တည်ဆောက်ကြည့်လို့ရပါလိမ့်မယ်။ အားလုံးအဆင်ပြေကြပါစေ။

နိုင်ငံတကာကျောင်းများဆိုင်ရာဝက်ဘ်ဆိုက်များ

All School Websites

www.ldonline.org
(A good website for teachers, parents and others working with children with learning disabilities. Read articles about why a child is struggling in school and get teaching strategies and techniques for teching those students. Visit the online bullentin boards to exchange ideas and experience with fellow teachers)

www.education.com
(This website has internet-based lesson plans and class-room activities with printable sheets as well as hundreds of links to related websites)

www.kidsdomain.com
(This websites includes after fun games and hints for parents and teachers about what activities to organize. The websites also helps parents keep all kinds of after school activities healthy and safe. There is a section with plenty of links, which have all been checked for appropriate family content)

www.goodcharacter.com
(You can get new teaching techniques from this website. It is packed with discussion questions, writing assignments and student activities that you can use to create your own lesson plans)

www.ed.gov
(You can find tips provided by US department of education for students, parents, teachers and administrators on how to give a child necessary attention and support. In the ‘helping your child’ series there are tools and information to help children succeed in school and life)

မင်္ဂလာပါရှင်

Email ဖြင့် ဖိုင်ဆိုဒ်ကြီးကြီးပို့ချင်ရင်

အခုအောက်မှာပေးထားတဲ့ ဆိုဒ်လေးတွေ သုံးပြီး ပို့လို့ရနေပါပြီ။ လက်ရှိမှာ လူတော်တော်များများ သုံး ကြ တဲ့
DivShare or YouSendIt လို နောက်ထပ် ဆိုဒ်တွေ အများကြီးရှိပါတယ် ။ သုံးကြည့်လိုက်နော်
http://www.yousendit.com/ (can send Max file Size 100 MB)
http://www.sendthisfile.com/ (need register)
http://www.gigasize.com/ (need register and Max file size 300 MB, 10 files max )
http://www.4shared.com/ (need register)

http://www.send6.com/

http://www.sendspace.com/ (Max file size 300 MB)

http://www.pando.com/ (Max file size 1GB)

http://drop.io/ (Max file size 100 MB)

ကွန်ပျူတာ အမြဲသုံးစွဲသူများ သိထားသင့်သည့် ကျန်းမာရေး

အိုင်စီတီမှာ တွေ့ဆုံပွဲတုန်းက ဆွေးနွေးချက်လေးတစ်ခုကို ပြန်သတိရမိလို့ တင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကွန်ပျူတာသုံးသူတွေ ဘယ်လိုနေရာမျိုးမှာ သုံးပြီး ဘယ်လိုလုပ်ရမလဲဆိုတာကိုပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကျွန်မလည်း မျက်မှန်တပ်နေရတဲ့သူတစ်ယောက်ဖြစ်နေလို့ပါ။ နောက်တစ်ချက် ကိုငွေထွန်းတို့က မေးတယ်။ မန်ဘာများအားလုံး တစ်နေ့ကို ကွန်ပျူတာရှေ့မှာ ဘယ်လောက်ထိုင်ပါသလဲတဲ့။ တော်တော်များများ ဖြေကြတာကို တွေ့ရပါတယ်။ ကျွန်မလည်း ကိုယ့်ဘာသာ ဘယ်လောက်ဆိုတာ ပြန်သုံးသပ်မိတော့ တော်တော်ကို သူများတွေထက် ပိုနေတာ တွေ့ရတယ်။ ခုတော့ မျက်စိကို အနားပေးချင်တာရယ် လူလည်း သက်သာအောင်ရယ်ဆိုပြီး အလုပ်မှ လွဲပြီး သိပ်မထိုင်မိအောင် ကြိုးစားနေပါတယ်။

ဘယ်နေရာမှာ ရှိနေသလဲ
သင့်ရဲ့ ကွန်ပျူတာ၊ keyboard၊ mouse တို့ကို နေရာ မှန်ထားတက်ဖို့အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့
လက်တစ်ကမ်းအကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့်နေရပါမယ်။

အလင်းရောင်

သင့် အခန်းတွင်း အလင်းရောင်ပြန့်နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော
reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါစေ။ ကွန်ပျူတာ screen အား သင့်မျက်စိ
နှင့် သင့်တော်ရာ အလင်း၊ အမှောင် setting လုပ်ထားပါ။

မျက်မှန်
Anti-reflective Lenses ပါသော မျက်မှန်ကို တပ်ပေးခြင်းဖြင့် တောက်ပသော
အရာမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့မျက်စိဆရာဝန်က သင့်အား ကွန်ပျူတာနှင့် ထိတွေ့နေသူမှန်းသိရင် ထို Anti-reflective Lenses
ထည့်ထားတဲ့မျက်မှန်ကို ညွန်းပါလိမ့်မယ်။ (ကျွန်မလည်း အဲလို မျက်မှန်တပ်နေပါတယ်။ မျက်မှန်လုပ်တဲ့ဆီမှာ ဈေးနှုန်းအနည်းငယ်တော့ ကွာခြားမှုရှိပါတယ်။ ကိုယ့်ကျန်းမာရေးအတွက် သင့်တော်တာကို တပ်သင့်ပါတယ်။)

မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀
ကွန်ပျူတာနှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏ
ဘေးကိုလှည့်ပြီး ပေ၂၀ လောက်ဝေးတဲ့ အရာတစ်ခုခုကို ကြည့်ကြည့်ပေးပါ။
ဒီနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀
လောက် မျက်စိအား ပိတ်လိုက်ဖွင့်လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို
ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက် လမ်းလျှောက်ခြင်းဖြင့်
သွေးလှည်ပတ်စေပါတယ်။ (ကျွန်မကတော့ အဲလို လမ်းလျှောက်ရင်းနဲ့ ရေထသောက်တဲ့အကျင့်ကို ယူထားပါတယ်။ နောက် ဟိုလှည့်ဒီလှည့်လုပ်ရင်လည်း အလုပ်က ညီမလေးတွေက မေးတယ်။ အမ ဘာတွေလျှောက်ကြည့်နေတာလဲတဲ့။ ကျွန်မကတော့ မပြောပါဘူး။ ပြုံးပဲနေလိုက်ပါတယ်။ နင်တို့ကို ချက်ကင်ကြည့်တာလို့ စပါတယ်။ နောက်တစ်ချက်က ကျွန်မက ကောင်းကင်ကိုပဲ မော့ကြည့်တတ်တဲ့အကျင့်လည်းလုပ်ထားပါတယ်။ ကျွန်မလုပ်နေတဲ့အလုပ် ရုံးခန်းက ကောင်းကင်နဲ့နီးပြီး လူတွေနဲ့ဝေးတဲ့နေရာဖြစ်နေလို့ပါပဲ။ )

မျက်စဉ်း ခတ်ပေးပါ

လူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ်ကျပါတယ်။ ဒါပေမယ့်
ကွန်ပျူတာနဲ့ အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ်တာကို သင် သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။
ထိုသို့ ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။

လက်ဖ၀ါးအုပ်ခြင်း

ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖ၀ါး နှစ်ခုအား နွေးလာသည်အထိ
ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖ၀ါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁ မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင် မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ ကြိမ်၊ ၃ ကြိမ်လောက် လုပ်ပေးပါ။ ထို လက်ဖ၀ါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း

အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက် အထုပ်

သောက်ပြီးသား လက်ဖက်ခြောက် အထုပ်ကလေးများကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအား အေးမြစေပါသည်။(ကျွန်မကတော့ ရေခဲသေတ္တာ မရှိတဲ့အတွက် အဲဒီနည်းကို မသုံးပါဘူး။ အလုပ်ပြန်လာရင် ကားဂိတ်နားက ကွမ်းယာဆိုင်က ကွမ်းရွက်တောင်းလာပါတယ်။ တစ်ခါတလေ မတောင်းပဲနဲ့လည်း တစ်ရွက်တလေ ယူလာတတ်ပါတယ်။ ညဘက် အိပ်ရင် မျက်လုံးနှစ်လုံးပေါ် ကွမ်းရွက်အုပ်အိပ်တဲ့အခါ မနက်လင်းရင် မျက်စိက အပူတွေလည်း ထွက်သလို မျက်စိကိုလည်း အမြင်ကြည်လင်စေတာကြောင့် အလကားရတဲ့နည်းကို သုံးပါတယ်။ ဟီး)

အစားအသောက်
ဗီတာမင် အေ၊စီ၊အီး ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊
အသီးအရွက်၊ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။ (ကျွန်မကတော့ သံပုရာရည်ကို မသောက်ပါဘူး။ ဒီထက်သောက်ရရင်လည်း မော်ဒန်ကနေ မယ်တော်ပုံစံပေါက်နေမှာစိုးလို့ပါ။)

နောက်တစ်ချက်က ဆွေးနွေးပွဲမှာ ကိုငွေထွန်းတို့ မောင်လေးအိမောင်တို့ ပြောတဲ့ မြက်ခင်းစိမ်းစိမ်းတွေ အပင်တွေရှိနေသင့်တယ်တဲ့။ ဒါလည်း မှန်တော့မှန်ပါတယ်။ အိမ်ထဲက ကွန်ပျူတာနားမှာ မြက်ခင်းကြီးကတော့ ရွေ့ထားလို့မရတဲ့အတွက် ကွန်ပျူတာသုံးပြီးရင် အပင်စိမ်းတွေ လိုက်ကြည့်လို့ရမယ်ထင်မိပါတယ်။

ကဲ အားလုံးပဲ အကုန်လုံးကို မလိုက်နာနိုင်ရင်တောင် ဒီအချက်တွေထဲက ကိုက်ညီပြီး လုပ်နိုင်မယ်ထင်တဲ့ နည်းကို သုံးကြည့်စေချင်ပါတယ်။ ဒါမှ ရေရှည်မျက်စိအဆင်ပြေပြီး အလုပ်တွေလည်း ပိုမိုအောင်မြင်အောင်လုပ်နိုင်မယ်လို့ ကျွန်မတော့ မြင်မိပါတော့တယ်။)

IT Pro Gathering အောင်မြင်စွာ ပြီးဆုံးခြင်း

မြန်မာအိုင်တီပရိုရဲ့ တွေ့ဆုံပွဲကို ၂၁ ရက်နေ့ စနေနေ့မနက် မနက် ၁၀ နာရီမှာ ICT Park ရဲ့လူစုံစွာနဲ့ မြက်ခင်းပြင်မှာ စည်းကားသိုက်မြိုက်စွာနဲ့ ကျင်းပခဲ့ကြပါတယ်။ ၁၀ နာရီခွဲလောက်တွင် လူစုံသလောက်ရှိပြီဖြစ်တဲ့အတွက် မောင်လေး အိမောင်ရဲ့ ကိုချစ်မှာတမ်းနဲ့အတူ အခမ်းအနားကို စတင်ခဲ့ပါတယ်။ ပြီးနောက် ကိုထွန်းဇာနည်ကနေ အစီအစဉ်များ တစ်ခုပြီး တစ်ခုပြောကြားပါတော့တယ်။ ပံ့ပိုးသူများစာရင်းကို ကိုအိမောင်နှင့် ကိုငွေထွန်းတို့က ပြောကြားပြီး တက်ရောက်လာသော အိုင်တီပရိုမန်ဘာများက တစ်ယောက်ချင်း မိတ်ဆက်စကားပြောကြပါတယ်။ အားလုံးစိတ်ဝင်တစား တက်ရောက်ခဲ့ကြတာ ခုံများတောင် မလောက်ပါဘူး။ ကျွန်မရဲ့ ခန့်မှန်းချက်အရ မန်ဘာများအပြင် စိတ်ဝင်တစား အပြင်လူများပါ လာရောက်လေ့လာကြတာ အတော်ကို ၀မ်းသာအားရဖြစ်မိပါတယ်။ အားလုံး ၆၀ ကျော် ၇၀ နီးပါးလောက် လာတာကို တွေ့ရပါတယ်။ အားလုံး တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှုရှိအောင် သိချင်တာတွေ မေးချင်တာတွေ ဆွေးနွေးကြဖို့ ကိုငွေထွန်းက ပြောကြားပြီး ဒီ MyanmarITPro.com သည် မန်ဘာများအားလုံးက ၀ိုင်းဝန်းကြရမည်ဆိုသည့်အကြောင်း တစ်ဦးတစ်ယောက်ထဲမှ မဟုတ် အားလုံးတူတူဝိုင်းဝန်းပံ့ပိုးကြဖို့ နောက်တစ်ချက် ဆိုက်မှာ Professional တွေနဲ့ beganner များ ကွဲပြားနေတဲ့ဆိုတဲ့အကြောင်း နောက်တစ်ချက် အင်္ဂလိပ်စာအားနည်းပြီး မြန်မာလို မရိုက်တတ်လို့ မြန်းဂလိတ်နဲ့ ရိုက်မေးတာ ၀ိုင်းလှောင်တာကို မလုပ်သင့်ကြောင်း မန်ဘာတစ်ဦးက ပြောပါတယ်။ မန်ဘာများရဲ့အမြင်များနဲ့ Old Member များ ၀ိုင်းဝန်းပြောဆို ဆွေးနွေးသွားကြပါတယ်။

၁၂ နာရီမှာ ကြာဇံကြော်နဲ့ အအေးရယ်၊ ကိုမြင့်ကျော်သူတို့ဇနီးမောင်နှံက ပြေားထားတဲ့အတိုင်း ဂျေဒိုးနပ်မုန့်တွေ ထားပြီး စောစောစီးစီးပြန်သွားတာကို တွေ့ရပါတယ်။ နောက် ကိုမြင့်ကျော်သူရဲ့ ဂိမ်းဆော့ဝဲလ်ရယ်၊ ပါစင်နယ်ကွန်ပျူတာမဂ္ဂဇင်းမှ ကိုမျိုးမင်းထူးရဲ့ အလှူဒါန နိုဝင်ဘာလ မဂ္ဂဇင်းကိုလည်း မန်ဘာများအားလုံးကို လိုက်လံဝေငှပါတယ်။ အဲဒီနောက် အခန်း ၂၀၁ မှာ ဆက်လက်တွေ့ဆုံကြဖို့ ချီတက်ခဲ့ပါတယ်။ ၁၂ ခွဲမှာ ကိုငွေထွန်းမှ Offline Wiki ဘယ်လိုသုံးမလဲဆိုတာကို အိုင်တီနယ်ပယ်ရဲ့ မေးခွန်းလေးတွေ၊ wiki ဘယ်လိုကြောင့် ဖြစ်လာသလဲစတဲ့မေးခွန်းနောက် မြန်မာနိုင်ငံမှာ ပထမဆုံး စတင်ခဲ့တဲ့ ကွန်ပျူတာကျောင်းအမည်၊ ဂြိုဟ်တွေထဲမှာ အကြီးဆုံးဂြိုဟ်၊ နောက်မေးခွန်းလေးတွေမေးပြီး အမှန်ပြောနိုင်တဲ့သူတွေကို Wilipedia စီဒီတစ်ချပ်ပေးပါတယ်။ အဲဒီနောက် Powerpoint နဲ့ သုံးပုံသုံးနည်းများအကြောင်းကို ကိုငွေထွန်းမှ ရှင်းပြပါတယ်။ နောက် U Ravi မှ ကျောပိုးအိတ်ကြီးချပြီး သူ့ရဲ့ ပစ္စည်းများကို တစ်ခုချင်းထုတ်နေပုံက မျက်လှည့်ဆရာတစ်ယောက်အလားပါပဲ။ ဘာတွေလဲပေါ့ ကြည့်နေတုန်း U Ravi မှ Wireless OpenWrt အကြောင်းကို မော်ဒန်အနိမ့်အမြင့်ပေါ်မူတည်ပြီး ရှင်းပြပြန်ပါတယ်။ အဲ ၁ နာရီ ၄၅ မိနစ်လောက်မှာ ကြေငြာဝင်ပြန်ပါတယ်။ ဘာများလဲလို့ မောင်လေး ထူးတေဇမှ ပန်းသီးကွန်ပျူတာဖွင့်ပြီး ပန်းသီးတော့ မကျွေးပါဘူး။ Mystery Zillion ကိုယ်စားလှယ်တစ်ဦးပီသစွာ MZ Code တွေအကြောင်းနဲ့ Web site : code.mysteryzillion.org ဆိုတာနဲ့ နောက် အွန်လိုင်းကနေ ပညာသင်ယူလို့ရတယ်ဆိုတဲ့အကြောင်း edu.mysteryzillion.org ဆိုတဲ့အကြောင်းနဲ့ ဂျပန်နာမည်လိုလို ဘာလိုလိုပေါ့။ ဘယ်လိုခေါ်မလဲ Ornagai ဆိုတဲ့ Mobile version 2.0 (Java MIDP 2.0 CIDC 1.1) ဆိုပြီး ကြေငြာဝင်တာပါပဲ။ အဲဒီမှတစ်ဆင့် မောင်လေး အိမောင်ပြောဖို့ အချိန်မရှိတော့လို့ အခန်း ၂၀၅ ကို ထပ်မံပြောင်းရွှေ့ကြပြန်ပါတယ်။
၂ နာရီမှာ MCPA Seminar Participant Survey “Web Development Technologies & Myanmar Online Community” Seminar ခေါင်းစဉ်နဲ့ ပထမဆုံး ဦးရဲရင့်ဝင်းမှ Professional တစ်ယောက်ရဲ့ ဘယ်လိုလုပ်မယ်ဆိုတာ အင်ထိုပြောပြီး U Ravi (Nova Steps Technologies) မှ Web Development on LAMP ဆိုတဲ့အကြောင်း ပြောကြားပါတယ်။
PHP/My SQL s now easier to learn
-Microsoft Web Platform
-XAMPP (FOX Server, PHP Triad)
-Word Press
-Joomla/Drupal
-W3School
-Site Point Forums
-SitePoint ဆိုတာတွေ လေ့လာသင့်တဲ့အကြောင်း၊ နောက် Web ရဲ့ အားသာချက်က တစ်ကမ္ဘာလုံးသုံးလို့ရတယ်။ ဒါပေမယ့် အားနည်းချက်ကတော့ data intray တွေ များများထည့်လို့မရဘူးလို့လည်း သိခဲ့ရသလို PHP က လုပ်ရတာ လွယ်တယ်၊ မြန်တယ်၊ နောက်တစ်ချက်က evelopment တွေအတွက် ဈေးသက်သာတယ်ပေါ့လေ တစ်ခုခုလုပ်တော့မယ်ဆိုရင် ဘာလုပ်မှာလဲ ဘာသုံးမှာလဲ အရင်စဉ်းစားပြီး လုပ်သင့်ကြောင်း Ko Ravi မှ ရှင်းလင်းပြောကြားသွားပါတယ်။ ပြောတာတွေကတော့ များကြီးပဲ။ ပြီးနောက် Gusto မှ U Win Htein Win က Web Development on Microsoft Dot Net Framework အကြောင်း
Outline
Demonstration of DB driven WebPages Explain the essence of Develop and importance of good architecture
Web application vs windows Application Console Application
Understanding .Net Framework
Explain the nature of Web App:
Staticvs Dynamic
State Management
Security
Localization အရေးကြီးတဲ့ပွိုင့်ကိုပဲ ရေးလိုက်ပြီနော်။ အဲဒီလို အများကြီး ရှင်းလင်းပြောကြားပြီး သိချင်တာများကို မန်ဘာများမှ မေးမြန်းကြပါတယ်။ နောက် အိုင်တီပရိုမန်ဘာများ အမှတ်တရဓာတ်ပုံရိုက်ကြပြီး တွေ့ဆုံပွဲကို ၅ နာရီထိုးခါနီးမှာ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါကြောင်း ပြောကြားလိုက်ရပါတော့တယ်ရှင်။

Marshall Field’s Sound Values

1. The value of time
2. The success of Perseverance
3. The pleasure pf working
4. The dignity of simplicity
5. The worth of Character
6. The power pf kindness
7. The influence of example
8. The obligation of duty
9. The wisdom of economy
10. The virture of patience
11. The improvement of talent
12. The joy of originating

လစာ တိုတောင်းနည်း

အရင်ဆုံး လစာတိုး မတောင်းခင် ကိုယ့်ဘက်က ရာထူးတိုး ပေးလောက်အောင် ထိုက်တန်သလား။ ကိုယ့် ကုမ္ပဏီက ကိုယ့်ကို လစာ တိုးပေးနိုင်လောက်အောင် အခြေအနေ ကောင်းရဲ့လားဆိုတာ စဉ်းစား ဆုံးဖြတ် ပြီးမှ ရှေ့ ဆက် လုပ်ပါ။ ဆုံးဖြတ် ပြီးသွားပြီရင်တော့

အဆင့်(၁)
ကိုယ့်ရဲ့ တန်ဖိုးကို သတ်မှတ် တွက်ချက်ပါ။ ကိုယ့်အရည်အချင်း ဘယ်လောက်ရှိသလဲနဲ့  ကိုယ် ဘယ်လောက် ရသင့်လဲ ဆိုတာ တွက်ချက်ပါ။ နောက်ပြီး ကိုယ့်ရဲ့ ကျွမ်းကျင်မှု၊ ပူးပေါင်း ဆောင်ရွက်နိုင်မှုနဲ့  လုပ်ငန်းခွင်ထဲက ကိုယ် အောင်မြင် ထားတာတွေကို စာရင်း ပြုစု ထားပါ။

အဆင့်(၂)
ကိုယ့်ဘက်က သတင်း အချက်အလက် အပြည့်အစုံ စုဆောင်းထားပါ။ ဘယ်သူကတော့ ဘယ်လို ရာထူး တိုး သွားသလဲ စတဲ့ အချက်အလက်မျိုးတွေပေါ့။

အဆင့်(၃)
ကိုယ့် အထက်အရာရှိရဲ့ ရာသီဥတု အခြေအနေ ကောင်းမကောင်း စောင့်ကြည့်ပါ။ နောက်ပြီး ကိုယ့်ကို လစာ တိုးပေးနိုင်မဲ့ အလားအလာ ရှိမရှိလည်း ကြိုတင် စဉ်းစားထားပါ။

အဆင့်(၄)
အချိန်ကောင်း ရှာထားပါ။ ကိုယ့်ကို လစာတိုးပေးဖို့  အကြောင်း ပြောမဲ့အချိန်ကို ကြို စဉ်းစား ထားပါ။ ဒါမှ မဟုတ် ကြိုပြီး ခွင့်တောင်းပါ။

အဆင့်(၅)
ကိုယ်လိုချင်တဲ့ လစာ ပမာဏထက် အနည်းငယ် မြင့်တဲ့ ပမာဏ တစ်ခုကို အရင်ပြောကြည့်ပါ။ ဥပမာ- ၆ % လိုချင်ရင် ၈ % လောက် ပိုပြောဖို့  ဖြစ်ပါတယ်။

အဆင့်(၆)
အခြေအနေမှန်ကို အမှန်အတိုင်း သိနားလည်ပါစေ။ ကုမ္ပဏီက ဒေ၀ါလီ ခံတော့မည့် အခြေအနေတွင် ကိုယ်က လစာတိုးပေးရန် ပြောလျှင် အခြေအနေ ကောင်းမည် မဟုတ်ပေ။ နောက် ပြီး တိုးတော့ တိုးပေးတယ်။ ဒါပေမဲ့ သူတို့  တိုးပေးတဲ့ လစာဟာ နည်းနေရင် ကိုယ့်ဘက်က ဘယ်လို ဖြစ်မလဲ ဆိုတာ ကြိုစဉ်းစားထားပါ။

အဆင့်(၇)
သဘောထား တင်းမာမှု မရှိပါနဲ့ ။ သူတို့ ဘက်က လစာတိုးပေးဖို့  မဖြစ်နိုင်ဘူးဆိုရင် ကိုယ့် ဘက်က စိတ်ဆိုး ပြီး အလုပ်ထွက်ဖို့  မစဉ်းစားလိုက်ပါနဲ့ ။ လစာတိုးပေးလို့  မရဘူးဆိုရင် အဲဒီအစား အားလပ်ရက်ရှည် တောင်း တာတို့ ၊ အလုပ်ချိန် အပြောင်းအလဲတို့ ကို အစားထိုး ညှိုနှိုင်းကြည့်ပါ။

အဆင့်(၈)
သူ့ ဘက်က ကိုယ်တင်သွင်းတဲ့ အဆိုကို ရက်ရက်စက်စက်နဲ့  စဉ်းစားပေးမှာ မဟုတ်ခဲ့ဘူးလို့  ဆိုခဲ့ရင် ကိုယ့်ဘက်က ဘာတွေ ပြင်ဆင်ရမလဲဆိုတော့ တခြားကုမ္ပဏီက ကိုယ့်လိုပဲ အဆင့်တူ၊ ရာထူးတူတဲ့သူတွေ လစာ ဘယ်လောက်ရကြပြီး ကိုယ့်ကျတော့ ဘယ်လောက်ပဲ ရပြီး သူတို့ ထက် လစာနည်းကြောင်း စာရင်း ပြုစုထား ပါ။ ကိုယ့်ဘက်က သူတို့ ထက် လစာနည်း ပေမဲ့ သူတို့ ထက် သာကြောင်းလည်း ပြပါ။

စီးပွားပျက်ကပ်မှာ စီးပွားကျပ်လို့  လစာတိုးတောင်းတဲ့အခါမှာ ပြောတိုင်းအောင် ကြံတိုင်း မြောက်တဲ့သူများ ဖြစ်ကြပါစေ။ :P

source:myanmarhotjob