Filed under: Uncategorized
ပဏ္ဍိတာနဉ္စ သေ၀နာ ( ပညာရှိ-သူတော်ကောင်းများကိုမှီဝဲဆည်းကပ်ခြင်း) လူမိုက်များကိုရှောင်ကြည်ခြင်းမျှသည် မလုံလောက်သေးသောကြောင့် ၊ ဘ၀တသက်တာ၌ ဘေးကင်းခြင်း ၊ ကြီးပွားတိုးတက်ခြင်း ၊ အေးငြိမ်းခြင်း ၊ ပျော်ရွှင်ချမ်းမြေ့ခြင်း တို့ကို ရရှိဘို့ရန်အတွက် ပညာတတ် ပညာရှိသူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံခြင်းဥည်လည်း လူတသီးအဘို့ အရေး အကြီးဆုံးဖြစ်၏။ ပညာရှိ-သူတော်ကောင်း-ဟူသည် `ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ၊ ကြင်နာခြင်း၊ အကျင့်သီလ၊ ကိုယ်နှုတ်စောင့်စည်းခြင်း၊ မနာလို-၀န်တိုမှု မရှိခြင်း စသည် ကဲ့သို့သော ကောင်းမြတ်သည့်ဂုဏ်တို့နှင့် ပြည့်စုံသူဖြစ်၏။ သူသည် ကုသိုလ်-အကုသိုလ်ဖြစ်သော အရာများ အကျိုးရှိ အကျိုးမရှိသော အရာများကို သိမြင်၏။ ပညာရှိသူတော်ကောင်းသည် ကောင်းမြတ်သည့် အကြံအစည်များကိုကြံစည်တတ်၏။ ကောင်းမြတ်သည့်စကားများကိုပြောဆိုတတ် ၏။ ကောင်းမြတ်သည့် အမှုများကိုပြုလုပ်တတ်၏။ ပညာရှိသည် ကောင်းမှု ကုသိုလ်ကိုပြုလုပ်၍ မကောင်းမှု အကုသိုလ်ကိုရှောင်ကြည်လေ့ရှိ၏။ ပညာရှိသည် မိမိ၏၎င်း၊ သူတပါး၏၎င်း၊ အကောင်းဆုံး အကျိုးကိုဖြစ်ထွန်းအောင်လုပ်ဆောင်လမ့်မည်။ သူသည် အရာရာတိုင်းကိုကောင်းမွန်စွာ အသိဥာဏ်ပါရှိစွာဖြင့် ကိုင်တွယ်ဖြေရှင်းလိမ့်မည်။ သူသည် မိမိကို၎င်း၊ မိမိ၏ အိမ်နီးနားချင်းတို့ကို၎င်း ကြီးပွားတိုးတက်-ပျော်ရွှင်ချမ်းမြေ့အောင် လုပ်ဆောင်လိမ့်မည်။ သူသည် မိမိကိုယ်ကို၎င်း၊ သူတပါးတို့ကို၎င်း ဘေးအန္တရာယ် အမျိုးမျိုးတို့မှ ကာကွယ်စောင့်ရှောက်လိမ့်မည်။ ပညာရှိသည် မိမိ၏အကျင့်သီလကို မိမိ၏ အသက်ထက်ပို၍ချစ်မြတ်နိုး၏။ သူသည်မိမိမှာရှိသည့် ပစ္စည်းဥစ္စာကို မရှိဆင်းရဲနွမ်းပါးသူတို့အား ပေးကမ်းရန်အသင့်ရှိ၏ သူသည် ကောင်းသောအကျင့် စာရိတ္တ စိတ်ဓာတ် ကြံခိုင်ရဲရင့်ခြင်း မြဲမြံသောစိတ်နှင့်ပြည့်စုံ၏။ သူသည် အမြင်ကျယ်၏။ စိတ်ထားနှလုံးကောင်းရှိ၏။ အရှည်ကိုကြည့်တတ်-မြင်တတ်၏။ သူသည် ကျယ်ပြန့်သည့် စာပေလေ့လာမှု အသိပညာ ဗဟုသုတ ထိုးထွင်းဥာဏ်နှင့် ပြည့်စုံသည်ဖြစ်၍၊ ခက်ခဲသည့် ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိ၏။ သူ၏ကြံစည်စဉ်းစားချက်များ၊ ပြောစကားများ၊ လုပ်ဆောင်မှုများသည်မှန်ကန်၍၊ မိမိ-သူတပါး နှစ်ဦးလုံးတို့အား အကျိုးရှိစေသည်။ သူသည် လောဘကြီးသည့်သဘော၊ အမျက်ထွက်တတ်သည့်သဘော မရှိချေ။ သူသည် သနားကြင်နာ-နှစ်လို ဖွယ်သောစကားတို့ဖြင့် လူတိုင်းကို ဆက်ဆံ၍၊ မြင့်ဥော၇ာထူး၊ ကြီးမားသည့်တန်ခိုးအာဏာ ရှိနေသော်မှလည်း မာနထောင်လွှားမှုကိုမပြချေ။ သူသည် လူတန်းစား အမျိုးမျိုးနှင့်ဆက်ဆံရာတွင် ချစ်ဖွယ်ကောင်းလှ၏။ သူ့အဘို့မှာ ကြီးမြင့်-နိမ့်ကျ-အားကြီး-အားနည်း-ချမ်းသာ-ဆင်းရဲသူတို့အကြား ကွဲပြားခြားနားမှုမရှိပဲ၊ သူ့စိတ်ထဲ၌ လူအားလုံးသည် အတူတူဖြစ်၏။ ပညာရှိသည် သူတပါးတို့၏ ခံစားချက်များကို လေးစား၍ အားလုံးအပေါ်၌ ချစ်ခြင်းမေတ္တာ သနားခြင်းကရုဏာတို့ကို ရွာသွန်းပေး၏။ သူသည် မိမိ၏ လူမျိုး- ဘာသာ သာသနာနှင့် နိုင်ငံ၏ အကျိုးစီးပွားအတွက် မိမိ၏ အသက်ကိုပင် စွန့်လွှတ်ရန်ပြင်ဆင်ထား၏။ ထိုကဲ့သို့သော ပညာရှိ-သူတော်ကောင်း(၀ါ) လူတော်-လူကောင်းတို့သည် ကိုယ်ကျိုးကိုသာသိတတ်-ကြည့်တတ်သည့် ဤလူ့လောကကြီးထဲ၌ အလွန်နည်းပါးရှားပါးလှ၏။ ပညာရှိပုဂ္ဂိုလ်များ၊ ပညာရှိခေါင်းဆောင်များ ရှိကြသည့် နိုင်ငံ၌ ပြည်သူတို့သည် အေးချမ်း-ပျော်ရွှင်-ချစ်ခင်-ညီညွတ်-တိုးတက်-ကြီးပွား များစွာဖြင့် နေထိုင်ကြရသည်။ ထို့ကြောင့် လူအားလုံးတို့သည် ပညာရှိသူတော်ကောင်း မိတ်ဆွေ အပေါင်းအသင်းများကို သတိကြီးစွာဖြင့် ရွေးချယ်၍၊ ကျယ်ပြန့်သည့် စာပေလေ့လာမှု၊ ကောင်းသောအကျင့်စာရိတ္တ၊ တည်ကြည်သည့်စိတ်၊ကောင်းမြတ်သည့်အကြံဥာဏ်တို့နှင့်ပြည့်စုံသော ပညာရှိသူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံသင့်ပေသည်။ ပညာရှိသူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံသည့် ပုဂ္ဂိုလ်တို့သည် လောကီ-လောကုတ္တရာ ဆိုင်ရာကြီးပွားတိုးတက်မှုကို ရရှိနိုင်ကြသည်။ ကြက်တူရွေးငှတ်များသည် ပညာရှိများနှင့်ပေါင်းသင်းမိသောအခါ ပညာရှိ စကားများကို ပြောဆိုနိုင်သကဲ့သို့ပင်၊ ပညာရှိများနှင့် ပေါင်းသင်းဆက်ဆံသော ပုဂ္ဂုလ်တို့သည် အချိန်တန်လျှင် ပညာရှိများဖြစ်သွားကြသည်။ ထို့ကြောင့် လူတွေအားလုံးသည် ပညာရှိ သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံခြင်းဖြင့် ပညာရှိဖြစ်လာဖို့ရန်ကြိုးစာအားထုတ်၍၊ သူတပါးတို့အားလည်း ပညာရှိများဖြစ်လာအောင် ကူညီသင့်ပေသည်။ သင့်ကိုယ်ကို ပညာရှိဖြစ်အောင်ကြိုးစာပါ၊ သူတပါးတို့ကိုလည်း ပညာရှိဖြစ်အောင်ကူညီပါ။ ပညာရှိတို့ကသာလျှင် ဤလူ့လောကကြီးကို ကြီးပွားတိုးတက် အေးငြိမ်းမှုရှိသော ပျော်စရာကောင်းသည့် နေရာဌာနဖြစ် အောင်လုပ်ပေးနိုင်တယ်ဆိုတာသည် ယုံမှာဘွယ်မရှိပေ။
မှတ်ချက်။ ။ ပဏ္ဍိတ-ပညာရှိသူတော်ကောင်းဟူသောစကား၌ လူပုဂ္ဂိုလ်များသာမက၊ ထိုပုဂ္ဂိုလ်တို့၏ ပြောစကားများ၊ဟောပြောချက်များ၊ ရေးသားသည့် စာအုပ်-စာတမ်းများကိုပါယူရာ ၏။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ပြော-ဟောစကားများ စာအုပ်-စာတမ်းများကို နားထောင်ဖတ် ရှု့ရာမှ မှန်ကန်သည့် အတွေးအခေါ် အယူအဆတွေကိုရရှိ၍၊ ကောင့်သည့် မှန်သည့် အရာတွေကို ပြောဆိုပြုလုပ်၍လမ်းမှန်သို့ရောက်သွားနိုင်သောကြာင့်ဖြစ်ပေသည်။
U got a very good n educative web site. its very useful to the young and old as well.the poem and the hindi jokes are beautiful. u hav started a good work keep it up please. can we submit articles in ur web site please.
Name (required)
E-mail (will not be published) (required)
Website
Notify me of follow-up comments via email.
ပဏ္ဍိတာနဉ္စ သေ၀နာ ( ပညာရှိ-သူတော်ကောင်းများကိုမှီဝဲဆည်းကပ်ခြင်း)
လူမိုက်များကိုရှောင်ကြည်ခြင်းမျှသည် မလုံလောက်သေးသောကြောင့် ၊ ဘ၀တသက်တာ၌ ဘေးကင်းခြင်း ၊ ကြီးပွားတိုးတက်ခြင်း ၊ အေးငြိမ်းခြင်း ၊ ပျော်ရွှင်ချမ်းမြေ့ခြင်း တို့ကို ရရှိဘို့ရန်အတွက် ပညာတတ် ပညာရှိသူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံခြင်းဥည်လည်း လူတသီးအဘို့ အရေး အကြီးဆုံးဖြစ်၏။ ပညာရှိ-သူတော်ကောင်း-ဟူသည် `ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ၊ ကြင်နာခြင်း၊ အကျင့်သီလ၊ ကိုယ်နှုတ်စောင့်စည်းခြင်း၊ မနာလို-၀န်တိုမှု မရှိခြင်း စသည် ကဲ့သို့သော ကောင်းမြတ်သည့်ဂုဏ်တို့နှင့် ပြည့်စုံသူဖြစ်၏။ သူသည် ကုသိုလ်-အကုသိုလ်ဖြစ်သော အရာများ အကျိုးရှိ အကျိုးမရှိသော အရာများကို သိမြင်၏။ ပညာရှိသူတော်ကောင်းသည် ကောင်းမြတ်သည့် အကြံအစည်များကိုကြံစည်တတ်၏။ ကောင်းမြတ်သည့်စကားများကိုပြောဆိုတတ် ၏။ ကောင်းမြတ်သည့် အမှုများကိုပြုလုပ်တတ်၏။ ပညာရှိသည် ကောင်းမှု ကုသိုလ်ကိုပြုလုပ်၍ မကောင်းမှု အကုသိုလ်ကိုရှောင်ကြည်လေ့ရှိ၏။ ပညာရှိသည် မိမိ၏၎င်း၊ သူတပါး၏၎င်း၊ အကောင်းဆုံး အကျိုးကိုဖြစ်ထွန်းအောင်လုပ်ဆောင်လမ့်မည်။ သူသည် အရာရာတိုင်းကိုကောင်းမွန်စွာ အသိဥာဏ်ပါရှိစွာဖြင့် ကိုင်တွယ်ဖြေရှင်းလိမ့်မည်။ သူသည် မိမိကို၎င်း၊ မိမိ၏ အိမ်နီးနားချင်းတို့ကို၎င်း ကြီးပွားတိုးတက်-ပျော်ရွှင်ချမ်းမြေ့အောင် လုပ်ဆောင်လိမ့်မည်။ သူသည် မိမိကိုယ်ကို၎င်း၊ သူတပါးတို့ကို၎င်း ဘေးအန္တရာယ် အမျိုးမျိုးတို့မှ ကာကွယ်စောင့်ရှောက်လိမ့်မည်။ ပညာရှိသည် မိမိ၏အကျင့်သီလကို မိမိ၏ အသက်ထက်ပို၍ချစ်မြတ်နိုး၏။ သူသည်မိမိမှာရှိသည့် ပစ္စည်းဥစ္စာကို မရှိဆင်းရဲနွမ်းပါးသူတို့အား ပေးကမ်းရန်အသင့်ရှိ၏ သူသည် ကောင်းသောအကျင့် စာရိတ္တ စိတ်ဓာတ် ကြံခိုင်ရဲရင့်ခြင်း မြဲမြံသောစိတ်နှင့်ပြည့်စုံ၏။ သူသည် အမြင်ကျယ်၏။ စိတ်ထားနှလုံးကောင်းရှိ၏။ အရှည်ကိုကြည့်တတ်-မြင်တတ်၏။ သူသည် ကျယ်ပြန့်သည့် စာပေလေ့လာမှု အသိပညာ ဗဟုသုတ ထိုးထွင်းဥာဏ်နှင့် ပြည့်စုံသည်ဖြစ်၍၊ ခက်ခဲသည့် ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိ၏။ သူ၏ကြံစည်စဉ်းစားချက်များ၊ ပြောစကားများ၊ လုပ်ဆောင်မှုများသည်မှန်ကန်၍၊ မိမိ-သူတပါး နှစ်ဦးလုံးတို့အား အကျိုးရှိစေသည်။ သူသည် လောဘကြီးသည့်သဘော၊ အမျက်ထွက်တတ်သည့်သဘော မရှိချေ။ သူသည် သနားကြင်နာ-နှစ်လို ဖွယ်သောစကားတို့ဖြင့် လူတိုင်းကို ဆက်ဆံ၍၊ မြင့်ဥော၇ာထူး၊ ကြီးမားသည့်တန်ခိုးအာဏာ ရှိနေသော်မှလည်း မာနထောင်လွှားမှုကိုမပြချေ။ သူသည် လူတန်းစား အမျိုးမျိုးနှင့်ဆက်ဆံရာတွင် ချစ်ဖွယ်ကောင်းလှ၏။ သူ့အဘို့မှာ ကြီးမြင့်-နိမ့်ကျ-အားကြီး-အားနည်း-ချမ်းသာ-ဆင်းရဲသူတို့အကြား ကွဲပြားခြားနားမှုမရှိပဲ၊ သူ့စိတ်ထဲ၌ လူအားလုံးသည် အတူတူဖြစ်၏။
ပညာရှိသည် သူတပါးတို့၏ ခံစားချက်များကို လေးစား၍ အားလုံးအပေါ်၌ ချစ်ခြင်းမေတ္တာ သနားခြင်းကရုဏာတို့ကို ရွာသွန်းပေး၏။ သူသည် မိမိ၏ လူမျိုး- ဘာသာ သာသနာနှင့် နိုင်ငံ၏ အကျိုးစီးပွားအတွက် မိမိ၏ အသက်ကိုပင် စွန့်လွှတ်ရန်ပြင်ဆင်ထား၏။ ထိုကဲ့သို့သော ပညာရှိ-သူတော်ကောင်း(၀ါ) လူတော်-လူကောင်းတို့သည် ကိုယ်ကျိုးကိုသာသိတတ်-ကြည့်တတ်သည့် ဤလူ့လောကကြီးထဲ၌ အလွန်နည်းပါးရှားပါးလှ၏။ ပညာရှိပုဂ္ဂိုလ်များ၊ ပညာရှိခေါင်းဆောင်များ ရှိကြသည့် နိုင်ငံ၌ ပြည်သူတို့သည် အေးချမ်း-ပျော်ရွှင်-ချစ်ခင်-ညီညွတ်-တိုးတက်-ကြီးပွား များစွာဖြင့် နေထိုင်ကြရသည်။ ထို့ကြောင့် လူအားလုံးတို့သည် ပညာရှိသူတော်ကောင်း မိတ်ဆွေ အပေါင်းအသင်းများကို သတိကြီးစွာဖြင့် ရွေးချယ်၍၊ ကျယ်ပြန့်သည့် စာပေလေ့လာမှု၊ ကောင်းသောအကျင့်စာရိတ္တ၊ တည်ကြည်သည့်စိတ်၊ကောင်းမြတ်သည့်အကြံဥာဏ်တို့နှင့်ပြည့်စုံသော
ပညာရှိသူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံသင့်ပေသည်။ ပညာရှိသူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံသည့် ပုဂ္ဂိုလ်တို့သည် လောကီ-လောကုတ္တရာ ဆိုင်ရာကြီးပွားတိုးတက်မှုကို ရရှိနိုင်ကြသည်။ ကြက်တူရွေးငှတ်များသည် ပညာရှိများနှင့်ပေါင်းသင်းမိသောအခါ ပညာရှိ စကားများကို ပြောဆိုနိုင်သကဲ့သို့ပင်၊ ပညာရှိများနှင့် ပေါင်းသင်းဆက်ဆံသော ပုဂ္ဂုလ်တို့သည် အချိန်တန်လျှင် ပညာရှိများဖြစ်သွားကြသည်။ ထို့ကြောင့် လူတွေအားလုံးသည် ပညာရှိ သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံခြင်းဖြင့် ပညာရှိဖြစ်လာဖို့ရန်ကြိုးစာအားထုတ်၍၊ သူတပါးတို့အားလည်း ပညာရှိများဖြစ်လာအောင် ကူညီသင့်ပေသည်။ သင့်ကိုယ်ကို ပညာရှိဖြစ်အောင်ကြိုးစာပါ၊ သူတပါးတို့ကိုလည်း ပညာရှိဖြစ်အောင်ကူညီပါ။ ပညာရှိတို့ကသာလျှင် ဤလူ့လောကကြီးကို ကြီးပွားတိုးတက် အေးငြိမ်းမှုရှိသော ပျော်စရာကောင်းသည့် နေရာဌာနဖြစ် အောင်လုပ်ပေးနိုင်တယ်ဆိုတာသည် ယုံမှာဘွယ်မရှိပေ။
မှတ်ချက်။ ။ ပဏ္ဍိတ-ပညာရှိသူတော်ကောင်းဟူသောစကား၌ လူပုဂ္ဂိုလ်များသာမက၊ ထိုပုဂ္ဂိုလ်တို့၏ ပြောစကားများ၊ဟောပြောချက်များ၊ ရေးသားသည့် စာအုပ်-စာတမ်းများကိုပါယူရာ ၏။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ပြော-ဟောစကားများ စာအုပ်-စာတမ်းများကို နားထောင်ဖတ် ရှု့ရာမှ မှန်ကန်သည့် အတွေးအခေါ် အယူအဆတွေကိုရရှိ၍၊ ကောင့်သည့် မှန်သည့် အရာတွေကို ပြောဆိုပြုလုပ်၍လမ်းမှန်သို့ရောက်သွားနိုင်သောကြာင့်ဖြစ်ပေသည်။
U got a very good n educative web site. its very useful to the young and old as well.the poem and the hindi jokes are beautiful. u hav started a good work keep it up please. can we submit articles in ur web site please.