အွန်လိုင်းအဘိဓာန်အလွယ်တကူ အသုံးပြုနိုင်ခြင်း
ဆိုက်လို့ ခေါ်မလား လင့်လို့ပဲခေါ်မလား တစ်ခုရရှိခဲ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ အွန်လိုင်းမှာ သုံးလို့အဆင်ပြေအောင် လုပ်ထားတဲ့ အွန်လိုင်း အင်္ဂလိပ်-မြန်မာ အဘိဓာန်ဖြစ်ပါတယ်။ ဘယ်က လုပ်တာလဲဆိုတာတော့ ကျွန်မလည်း မသိပါဘူး။ MZ ကလို့တော့ ကျွန်မ ယူဆမိပါတယ်။ ဟုတ်လား မဟုတ်လားတော့ မပြောတတ်ပါ။ ဂျီတော့မှာ လင့်ကို အက်လိုက်ရုံပါပဲ။ မဆိုးဘူးလို့ ပြောရမယ်ထင်တယ်။ လက်ရှိမှာတော့ သိပ်မစုံလင်သေးတာကို တွေ့ရှိရတယ်။ ဥပမာ Noun လောက်ပဲ သေချာစုံလင်အောင် ချပြတာကို တွေ့ရတယ်။ ကျန်တာက သိပ်တော့ မစုံလင်သေးဘူး။ Link လေးကတော့ ကိုယ့်ရဲ့ဂျီတော့မှာ add နေရာမှာ အစားထိုးရိုက်ထည့်လိုက်ရုံနဲ့ ကိုယ့်ရဲ့ဂျီတော့မှာ မီးစိမ်းလာရင် အသုံးပြုလို့ရပါပြီ။ Link ကတော့ en2mm@mmgeeks.org ဆိုတဲ့ Link လေးတစ်ခုပါပဲ။ အင်္ဂလိပ်လို ရိုက်ရှာရင် မြန်မာလို အဓိပ္ပာယ်ထွက်ပေးတဲ့ အွန်လိုင်းအဘိဓာန်လေးတစ်ခုပါ။ အလွယ်တကူ အသုံးပြုလို့ရတဲ့အတွက် ကျွန်မ အလွန်ပဲ ၀မ်းသာမိပါတယ်။ ဆိုက်တွေဖွင့်တဲ့အခါ စာလုံးအခက်အခဲဖြစ်ရင် စာအုပ်ဖွင့်ဖတ်နေရတဲ့ ဒုက္ခကနေ လွတ်သွားရတဲ့အတွက်ကြောင့်ပေါ့….. အားလုံးသိပြီးသားလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်မကတော့ ခုမှသိတဲ့အတွက် ခုမှ ပြန်လည်ဝေမျှလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
မြန်မာပြည်မှ Gtalk အသုံးပြုများ သတိထားစရာ
မြန်မာပြည်မှ Gtalk အသုံးပြုတဲ့ သူများအတွက် အဓိက ရည်စူးပြီး
ဒီ ပို့စ်လေးကို ဆွေးနွေးပါရစေ…မြန်မာပြည်မှ cyber cafe များမှ လာရောက်အသုံးပြုသူများမှာ
အောက်ဖော်ပြပါ အချက်များကို အမှု့မဲ့ အမှတ်မဲ့ နေတက်ကြပါတယ် လုပ်ဆောင် ရတာ ဘာမှ
အပန်းတစ်ကြီး မဖြစ်လှတာမို့ လိုက်နာဆောင်ရွက်ဖို့ အကြံပြုလိုပါတယ် ဒီလိုလုပ်ဆောင်ပေးခြင်းအား
ဖြင့် နောက်ဆက်တွဲ မလိုလားအပ်တဲ့ မိမိ personal ကိစ္စများကို ခိုးယူခံရခြင်းမှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်..
ပထမ အရေးကြီး ဆုံးကတော့ ဘယ်လောက် ပဲ အရေးကြီး အချိန်မမှီ ဖြစ်နေပါစေ sign out လုပ်ဖြစ်အောင် လုပ်သွားပါ
In Firefox for PCs:
1.Gmail နှင့် အခြား မိမိသွားရောက်ခဲ့တဲ့ browser windows မှန်သမျှကို ပိတ်ခဲ့ပါ
2.Tools menu မှ Clear Private Datda လုပ်ခဲ့ပါ
3.Cookies and Cache ကိုရွေးချယ်ပြီးတော့ Clear Private Data Now လုပ်ပါ
In Firefox for Macs:
1.Gmail နှင့် အခြား မိမိသွားရောက်ခဲ့တဲ့ browser windows မှန်သမျှကို ပိတ်ခဲ့ပါ
2.Firefox menu\preferences \Privacy tab ကိုသွားရောက်လိုက်ပါ
3.dialogue box ရဲ့အောက်နားလေးမှ Clear Now လုပ်ခဲ့ပါ
Cache ,Cookies ကို check လုပ်လိုက်ပါ dialogue box တစ်ခု ထပ်ကျလာပါမယ်
4. Clear Private Data Now ကို click ပါ
Internet Explorer
In Internet Explorer 6.x:
1.Gmail နှင့် အခြား မိမိသွားရောက်ခဲ့တဲ့ browser windows မှန်သမျှကို ပိတ်ခဲ့ပါ
2.Tools Menu\Internet Optinos\General tab ထိရောက်အောင်သွားလိုက်ပါ
3.Temporary Internet Files အောက်မှ Delete files ကို click ပါ
4.Delete all offline content by checking the box ကို ရွေးချယ်ပြီးတော့ Ok..
In Internet Explorer 7:
သူကတော့ 6 ထက်ပိုမိုရိုးရှင်း လွယ်ကူပါတယ်
1.Gmail နှင့် အခြား မိမိသွားရောက်ခဲ့တဲ့ browser windows မှန်သမျှကို ပိတ်ခဲ့ပါ
2.Tools\Internet Options\General tab သို့သွားရောက်လိုက်ပါ
3.Clear history ကို click ပါ၊ ပြီးရင် delete files, delete cookies
ကို click ပြီးတော့ Ok…….
Mozilla
1.Gmail နှင့် အခြား မိမိသွားရောက်ခဲ့တဲ့ browser windows မှန်သမျှကို ပိတ်ခဲ့ပါ
2.Edit Menu\Preferences ကိုရွေးချယ်ပါ
3.Advanced ကို ရောက်အောင် next ပါ
4.Advanced အောက်မှ Cache ကို ရွေးပြီး Clear Cache လုပ်ပြီး Ok…
Safari
1.Gmail နှင့် အခြား မိမိသွားရောက်ခဲ့တဲ့ browser windows မှန်သမျှကို ပိတ်ခဲ့ပါ
2. browser’s toolbar မှ Safari ကို open ပါ
3.Empty Cache ကိုရွေးချယ်ပါ
4.Dialogue box ကျလာပါမယ် .. Empty ကို ဆက်လက် click ပါ
Netscape
1.Gmail နှင့် အခြား မိမိသွားရောက်ခဲ့တဲ့ browser windows မှန်သမျှကို ပိတ်ခဲ့ပါ
2.Edit Menu\Preferences ကိုရွေးချယ်ပါ
3.Advanced ကို ရောက်အောင် next ပါ
4.Advanced အောက်မှ Cache ကို ရွေးပြီး Clear Cache လုပ်ပြီး Ok…
လုံခြုံမှု့သတိရှိကြပါစေ
Data backup when PC Fail to boot
computer ကို Format ပြုလုပ်ရန် လိုအပ်ချိန်၊ Boot လုပ်ငန်းစဉ်လည်း မလုပ်ဆောင် နိုင်တော့ တဲ့အချိန်၊
မဖြစ်မနေ ပြုလုပ်ရမဲ့ back up ပြုလုပ်ခြင်း အကြောင်းကို ဆွေးနွေးသွားပါမယ်
၁။ Windows Bootable CD ကိုအသုံးပြုပြီးတော့ Computer ကို boot ပြုလုပ်လိုက်ပါ။ Setup screen ပေါ်လာချိန်မှာ
Recovery ကိုရွေးချယ်ပါ ဒါမှ ကျွန်တော် တို့ အဓိက အသုံးပြုရမဲ့ command prompt ကိုအသုံးပြုနိုင်မှာပါ
command prompt ကို ဖွင့်လိုက်တဲ့ အချိန်မှာ windows Recovery ပြုလုပ်ရန် C:\Windows ကိုပေးထားပါတယ်။
format ပြုလုပ်ရာမှာ မပါဝင်တဲ့ Hard disk တစ်ခုခုမှာ သိမ်းဆည်းဖို့ ဖိုဒါတစ်ခု ဆောက်ဖို့အတွက်
MD D:\Backup လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ
(သိမ်းမဲ့ HD က E ဆိုရင်MD E:\backup ပေါ့ F ဆိုရင် HD F:\Backup ပေါ့ အဓိက က format ပြုလုပ်ရာမှာ
မပါဝင်တဲ့ hard diskမဖြစ်ဖို့ ပါပဲ)
ဖိုဒါ ဆောက်ပြီး သွားတဲ့ အတွက် Backup ပြုလုပ် မဲ့ ဖိုင်တွေကို CD “C:\Documents and Settings\x”
လို့ရိုက်ထည့်ပြီး လှမ်းခေါ်လိုက်ပါမယ်
ဒီနေရာမှာ ဖိုင်ရှိတဲ့ နေရာအပေါ်မှာ မူတည်ပြီးတော့CD D:\documents and.. ,
E ဆိုရင် CD “E:\documents and …., ဆိုပြီး ကွဲပြားသွားပါမယ်
“x” ဆိုတာကတော့ user name အနေနဲ့ အသုံးပြုခဲ့တာပါ desktop ပေါ်က ဖိုင်တွေကို ခေါ်မယ်ဆိုရင်
C:\Documents and Settings\x\Desktop ကိုရွေးချယ်ပေးလိုက်ပါ ဖိုင်တွေကို ကြည့်ချင်တယ်ဆိုရင်
တော့ ” dir ” ရိုက်ထည့်ပြီး Enter ခေါက်ပါ ဖိုင်တွေကို ကူးယူဖို့အတွက် ကူးယူမဲ့ ဖိုင်ရဲ့အမည်နဲ့ extansion
ကိုပါ ရိုက်ထည့်ပြီးခေါ်ရပမယ် ဒီလိုလေးပါ “copy bar nyar bar nyar.txt D:\Backup “
အထက်ပါ နည်းအတိုင်း မိမိ backup ပြုလုပ်လိုသည်ဖိုင်များကို တစ်ခုချင်းစီ လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ပါပြီ
တကယ်လို့ မိမိ format ပြုလုပ်တာ အမှားအယွင်းတစ်ခုခု ဖြစ်ခဲ့ တဲ့အချိန် boot လုပ်ဆောင်ခြင်း
မအောင်မြင်တဲ့ အချိန်မျိုးမှာ အလွယ်တစ်ကူ Recovery လုပ်နိုင်မှာပါ
မိမိ Pc အတွက် motherboard cd လဲရှိမနေဘူး…Internet လဲ အသုံးပြုလို့မရဘူးဆိုပါတော့..ဒီလိုအချိန်မှာ…
format ချလိုက်မိရင်..window ပြန်တက်လာတဲ့အချိန်မှာ vGA ကြောင်တာတို့ ,
sound မသိတာတို့ , NIc driver မသိတာတို့ စသည်ဖြင့် ဒုက္ခပေးဘူးပါတယ်..စိတ်ပူစွာနဲ့ ..
Driver တွေကို format မချခင်မှာ backup လုပ်ထားချင်တယ်ဆိုရင်တော့
Disk properties–>Tools—>Backup Now မှတဆင့် backup ပြုလုပ်နိုင်ပါတယ်
တခြားနည်းလမ်းစဉ်းစားကြည့်ရအောင်။
ဒီဆိုက်ဒ်လေးက ခုလက်ရှိမှာ အသုံးဝင်နေတဲ့ ဆိုက်ဒ်လေးတစ်ခုဖြစ်နေပါတယ်။
တော်တော်များများလည်း သိပြီးကြပြီလို့ထင်ပါတယ်။ မနော ပြောတာတောင်
နောက်ကျနေပြီးလားမသိဘူးနော်။ ဒါပေမယ့် ကိုယ့်သိတာကို
ပြန်ဖြန့်ဝေတတ်တဲ့စိတ်က ဖျောက်လို့မရလို့ ပြန်လည် ရေးပေးရခြင်း ဖြစ်ပါတယ်။
UltraReach ကို သတင်းစိစစ်ဖြတ်တောက်ခြင်းကို ဆန့်ကျင်သည့် ဆော့ဖ်ဝဲအဖြစ်
ဖန်တီးခဲ့ပြီး UltraSurvf လို့ သိကြပါတယ်။ UltraReach ကို
ဆွဲချရယူနိုင်ပါတယ်။ Windows မှာ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားတာကို
တွေ့ရပါတယ်။ အသုံးပြုသူတစ်ဦးက ဆွဲချရယူရုံနှင့် မိမိသုံးတဲ့ကွန်ပျူတာမှာ
အသုံးပြုလို့ရပါတယ်။ ဒီဆော့ဖ်ဝဲဟာ အခမဲ့ပေးထားတာဖြစ်ပြီး အင်္ဂလိပ်ဘာသာနှင့်
တရုတ်ဘာသာတို့ ရရှိနိုင်ပါတယ်။ ဒါကို စတင်ဖွင့်လိုက်တာနဲ့
မိမိအသုံးပြုတဲ့စက်ပေါ်မှာ သော့ပုံစံလေး ပေါ်လာတာကို မြင်ရပါလိမ့်မယ်။
တစ်ကြိမ်စတင်ပြီးရင် ဆော့ဖ်ဝဲဟာ Internet Explorer ကို အလိုအလျောက်
ပွင့်စေပြီး လိုအပ်တဲ့အချက်အလက်တွေကို ပြင်ဆင်ဆောင်ရွက်ပေးတဲ့ သုံးစွဲသူမှ
ဆော့ဖ်ဝဲကို အသုံးပြုနိုင်မှာပါ။ browsers မှာ လိုချင်တဲ့ဆိုဒ်
ရိုက်ထည့်ရန် လိုပါတယ်။ ပုံမှန်အားဖြင့် ဆက်သွယ်မှုများကို
ဝှက်စာအသုံးပြုမည်ဖြစ်ပြီး၊ မပိတ်ဆို့ထားသော လိပ်စာများကိုလည်း
နည်းပညာစုံသုံးကာ ရှာဖွေမှု လုပ်ဆောင်ပေးပါတယ်။ အဲ
ကွန်နက်ရှင်ကောင်းဖို့တော့ လိုမယ်ထင်တယ်။ UltraSurf ဟာ အခြားသူများကို
ယုံကြည်လိုသော သာမန်သုံးစွဲသူတွေအတွက်
အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်မယ်ထင်ပါတယ်။ ဒီပြင်
ဆိုဒ်တွေနဲ့အဆင်မပြေရင် UltraSurf ကို ရယူထားဖို့ ပြောပြချင်ပါတယ်။
http://www.ultrareach.com


Thanks 4 ur visisted. I just made a short tour. will come again.
mama
i lay ur poem tway a yann like par tae
I like so much to read this site. Thank you very much.
အားပေးပါတယ်။ဆက်လက်အောင်မြင်ပါစေ။တော်တော်လေးဗဟုသုတရလိုက်ပါတယ်ခင်ဗျာ။
ပျော်ပါစေ
လင်းကြယ်ဖြူ
လင်းလင်း
ကောင်ပါတယ်ပညာလည်ရတယ်ယူတတ်ရင်ပေါ့
ဆက်လက်အောင်မြင်ပါစေနော်
ဆုတောင်ပေးပါတယ်
ဆက်လက်ကြိုးစားသွာပါလို့အကြံပြုချင်ပါတယ်
နော်
လာလည်သွားပါတယ်။
ဒီထက်ပိုပြီးတော့အောင်မြင်အောင်ကြိုးစားပါလို့
အကြံပြုခဲ့ပါတယ်
ကျေးဇူးတင်ပါတယ်၊
မသိတာလေးတွေသိရတဲ့အတွက်ပါ။
web developing နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ လည်း သိပါရစေ။